အိမ်အပြန် ကြိုဆိုပါသည်
ကျွန်တော်တို့သားနှင့် ပတ်သက်၍ ခက်ခဲသောအချိန်ကာလကို ဖြတ်ကျော်နေရစဉ်
အသင်းတော်၏ ၀တ်ပြုစည်းဝေးကြီးအပြီး၌ ကျွန်တော့်မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို
အပြင်သို့ခေါ်ထုတ်ပြီး စကားပြောသည်။ “မင်းနဲ့ မင်းရဲ့သားအတွက် ငါနေ့တိုင်း ဆုတောင်း
ပေးနေတယ်ဆိုတာ သိစေချင်တယ်” ဟု ပြောပြီး “ဒါပေမယ့် ငါအပြစ်ရှိသလို ခံစား ရတယ်” ဟုဆက်ပြောသဖြင့် “ဘာဖြစ်လို့လဲ” ဟု မေးရာ၊ “အဲဒီလို သားသမီးတွေ မလိမ္မာတာမျိုး ငါမကြုံဖူးဘူး။ ငါ့ ကလေးတွေက စည်းကမ်းနာခံတယ်။ ဒါဟာ ငါက ဒီလိုလုပ်၊ ဟိုလို မလုပ်နဲ့လို့ ကြပ်မတ်တာနဲ့ မဆိုင်ဘူး။ ကလေးတွေက သူတို့ဘာသာ ရွေးချယ်ကြတာလေ” ဟု ပြောပြသည်။
သူ့ကို ပွေ့ဖက်နှစ်သိမ့်လိုက်ချင်သည်။ သူ့ကရုဏာ
စာနာစိတ်က ဘုရားပေးသည့်ကျေးဇူးဖြစ်ပြီး ကျွန်တော့် သားနှင့်ပတ်သက်၍ ရုန်းကန်ရသမျှ အဘဘုရားက နားလည်ကြောင်း ဆက်သွယ်ပြောကြားကာ သတိပေးသည်။
နာခံမှုမရှိသည့် ပျောက်သောသားများနှင့် ပတ်သက်၍…
အဖြေကို စောင့်ဆိုင်းရခြင်း
ကျွန်တော်တို့သမီးလေး အသက်(၁၅)နှစ်အရွယ်တွင် အိမ်မှ ထွက်ပြေးသွားခဲ့သည်။ သူ ထွက်သွားသည်မှာ သုံးပတ်မျှကြာသည်။ ထိုသုံးပတ်တာအချိန်မှာ ကျွန်ုပ်တို့အတွက် အရှည်ကြာဆုံးဖြစ်သည်။ နေရာအနှံ နေရာတိုင်း၌ သူ့ကိုလိုက်ရှာသည်။ ဥပဒေ ဘက်တော်သားများ၊ မိတ်ဆွေများအား ကူရှာပေးရန် အကူအညီတောင်းခဲ့သည်။ စိတ်ပျက်အားလျော့ဖွယ် ထိုနေ့ရက်များတွင် ဘုရားသခင်ကို
ဆုတောင်းလျက် စောင့်ဆိုင်းရန် အရေးကြီးပုံကို ကျွန်တော်တို့ ဇနီးမောင်နှံ သင်ခန်းစာယူခဲ့ရသည်။
သူ့ကိုပြန်တွေ့သည့်နေ့မှာ ဖခင်များနေ့၌ ဖြစ်သည်။ ညနေစာစားရန် စားသောက်ဆိုင် ကားရပ်နားစခန်းတွင် ကျွန်ုပ်တို့ ရောက်ရှိနေချိန်၌ ဖုန်းဝင်လာသည်။ အခြား စားသောက်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးမလေးက သူ့ကို တွေ့ ကြောင်းပြောပြသည်။ သမီးလေးသည် ကျွန်တော်တို့နှင့်
သုံးလမ်းအကျော်တွင် ရှိနေသည်။ မကြာမီတွင် ကျွန်တော်တို့ အိမ်သို့ သမီးလေးပြန်ရောက်ရှိကာ လုံခြုံအေးချမ်းစွာ ရှိနေပါ သည်။
ဆုတောင်းကြသောအခါ ဘုရားသခင်အား ကျွန်ုပ်တို့ စောင့်ဆိုင်းကြရသည်။ ကိုယ်တော် မည်သို့အဖြေပေးမည်၊ ဘယ်အချိန်၌…